Tyfone

တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်အား ဖိ အားပေးနေခြင်းကို ရပ်တန့်ရန် အမေရိကန် နိုင်ငံခြားရေးဌာနက တိုက်တွန်းခဲ့ပြီး အမေရိကန်အနေဖြင့် ထိုင်ဝမ်နှင့်ဆက်ဆံရေးပိုမို ခိုင်မြဲလိုသည့် ဆန္ဒရှိကြောင်းကို ထပ်လောင်း အတည်ပြုခဲ့သည်။ “စစ်ရေးအရ၊ သံတမန်ရေးအရ၊ စီး ပွားရေးအရ ထိုင်ဝမ်ကို ဖိအားပေးနေတာ တွေ ရပ်တန်ဖို့ တရုတ်အစိုးရကို တိုက်တွန်း ပါတယ်။ အဲ့လိုတွေလုပ်နေမယ့်အစား ထိုင် ဝမ်မှာ ဒီမိုကရေစီနည်းကျကျ ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးပွဲလုပ်ဆောင်ဖို့ ကျွန်တော် တို့ တိုက်တွန်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကို လုံလောက်ပြည့်စုံတဲ့ အခြေအနေမှာ ထိန်းထားနိုင်ဖို့အတွက် ထိုင် ဝမ်ကို ကျွန်တော်တို့ ဆက်လက်ကူညီနေမှာ ပါ ” ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှပြောခွင့်ပုဂ္ဂိုလ် နိဒ်ပရိုက်စ်က ပြောကြားခဲ့သည်။

From Myanmar To Singapore On 31 Mar 2021 Details
  • 8.00
Tyfone

ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတအဖြစ် စတင်ရုံးထိုင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ တွင် တရုတ်ဗုံးကြဲလေယာဉ်နှင့်တိုက်လေ ယာဉ်များ ထိုင်ဝမ်လေပိုင်နက်တွင်းသို့ ပျံ သန်းဝင်ရောက်သည့်ဖြစ်ရပ် ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။ ရေငုပ်သင်္ဘောဖျက် Y-8 တိုက်လေ ယာဉ်တစ်စင်းပါဝင်သော တရုတ်တိုက်လေ ယာဉ်အဖွဲ့သည် တရုတ်နိုင်ငံဘက်မှ ကျူး ကျော်ဝင်ရောက်မှု အများဆုံးလုပ်ဆောင်ရာ နေရာဖြစ်သော Pratas ကျွန်းအနီး ဝေဟင် သို့ ပျံသန်းဝင်ရောက်လာခဲ့သည့်ပုံကို ထိုင် ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြသခဲ့သည်။

From Singapore To Myanmar On 24 Mar 2021 Details
  • 5.00
Tyfone

တရုတ်ဗုံးကြဲလေယာဉ် ရှစ်စင်းနှင့် တိုက်လေယာဉ်လေးစင်းတို့သည် ထိုင်ဝမ်၏ လေကြောင်းရန် ကာကွယ်ရေးစစ်ဆေးမှုဇုန်အတွင်းသို့ ဇန်နဝါရီ ၂၃ ရက်က ဝင်ရောက်ခဲ့ ကြောင်းနှင့် ထိုကျုးကျော်မှုကို စောင့်ကြည့် ရန် ထိုင်ဝမ်လေတပ်က ဒုံးကျည်များ နေရာချခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။ မကြာသေးမီလများအတွင်း တရုတ်သည် ထိုင်ဝမ်တောင်ပိုင်းနယ်နိမိတ်နှင့် တောင်တရုတ်ပင်လယ်တွင်းရှိ ထိုင်ဝမ်ထိန်းချုပ်သော Pratas ကျွန်းအကြား ရေပြင်ထက်တွင် နေ့တိုင်းနီးပါး တိုက်လေယာဉ် ပျံသန်းမှု များလုပ်ဆောင်ခဲ့ပြီး ပျံသန်းမှုလုပ်ဆောင်ရာ တွင်လည်း ပုံမှန်အားဖြင့် တရုတ်ထောက် လှမ်းရေးလေယာဉ်တစ်စင်း သို့မဟုတ် နှစ် စင်းသာ ပါဝင်လေ့ရှိသည်။

From Myanmar To Singapore On 24 Mar 2021 Details
  • 3.00
Tyfone

“ကိုဗစ်​ကာလပြီးရင်​ ခရီးသွားလုပ်​ငန်း ​တွေ ပြန်​စလို့ နိုင်​ငံခြားသား ​တွေ လာ​ရောက်​လည်​ပတ်​ရင်​လည်း ဒေသတိုင်​ရင်​းသား အစားအစာ​တွေ ​ရောင်​းချဖို့ရှိတယ်​။ သဘာဝ လိုဏ်ဂူကလည်း မိုးကုတ်​ လယ်​ဦးမှာဆို​တော့ ခရီးသွား​တွေ လာလို့ရပါတယ်။ မိုးကုတ်​မြို့​လယ်​ဦးရွာလယ်​မှာ ရှိတာပါ။ ခရီးသွားလာ​ရောက်​တဲ့သူ​တွေ ​ဒေသခံတိုင်​းရင်​းသားဝတ်​စုံ​တွေဝတ်​ပြီး ဓာတ်​ပုံရိုက်​နိုင်အောင်​ စီစဉ်ပေး မယ်။ အဓိက​ ခရီးသွားလာ​ရေးအ​ကောင်​းဆုံး ဖြစ်​​အောင်​ သဘာဝလိုဏ်ဂူက​နေ ​တောင်က တုံး အုပ်​​ဆောင်​း​တောင်​တို့ကို လမ်​း​လျှောက်​ သွားရ​အောင်​စီစဉ်​ထားတယ်​။ အခုက သဘာ ဝလိုဏ်ဂူကို ပြန်​လည်​သန့်ရှင်​းထားတယ်​။လာ​ရောက်​တဲ့သူ​တွေ အဆင်​​ပြေ​အောင်​စီစဉ်​ထားပါတယ်။ သဘာဝလိုဏ်ဂူရှိတဲ့ ​တောင်ကို ပန်​းခြံဖြစ်​​အောင်​ စီစဉ်​​နေတယ်​။ လာ​ရောက်​အပန်​း​​ဖြေတဲ့သူ​တွေ စိတ်​​ပျော်​ရွှင်​​အောင်​ စီ စဉ်​​နေပါတယ်​”ဟု မိုးကုတ်မြို့ လီဆူးအသင်း စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် ဦးစိုးနိုင် က ပြောကြားသည်။

From Singapore To Myanmar On 17 Mar 2021 Details
  • 7.00
Tyfone

ထိုသဘာဝလိုဏ်ဂူတော်မြေနေရာမှာ ယခင်က ဒေသခံတောင်သူ ဦးထွေဝမ်းမိသားစုက တောင်ယာစိုက်စားခဲ့သည့် မြေနေရာဖြစ်ပြီး ၂၀၀၅ ခုနှစ်က သဘာဝလိုဏ်ဂူကျောင်း တိုက်ဆရာတော် ဦးထေရာဝံသအား သာသနာ့မြေအဖြစ် လှူဒါန်းခဲ့ကြောင်းနှင့် လက်ရှိ တွင် သဘာဝလိုဏ်ဂူတော်သွားရာ လမ်းတစ် လျှောက် ချုံနွယ်သစ်ပင်အမှိုက်များ ရှင်းလင်းဆောင်ရွက်နေပြီး သဘာဝလိုဏ်ဂူတော်သွား ရာ အကျယ် ၁၅ ပေ၊ အရှည်ပေ ၂၅၀၀ ခန့်ရှိ လမ်းကိုလည်း ဖောက်လုပ်နေပြီဖြစ်ကြောင်း သဘာဝလိုဏ်ဂူတော်ကျောင်းတိုက် ဆရာတော် ဦးထေရာဝံသက မိန့်ကြားသည်။

From Myanmar To Singapore On 28 Feb 2021 Details
  • 5.00